အိမ်ကိုဝင်ခိုးသွားတဲ့ သူခိုးက နောက်ထပ်လဲ လာဦးမယ်လို့ အိမ်ရှင်ကို ဖုန်းဆက်ပြော …

အိမ်ကိုဝင်ခိုးသွားတဲ့ သူခိုးက နောက်ထပ်လဲ လာဦးမယ်လို့ အိမ်ရှင်ကို ဖုန်းဆက်ပြော …

လှိုင်သာယာ နဝဒေးအိမ်ရာ ဝင်ခိုးတဲ့သူခိုးက ဖုန်းဆက်ပြီး သားပြောမယားပြော ပြောသည့်အပြင် နောက်ထပ်လဲလာဦးမယ်လို့ ပြောဆိုခဲ့ပါသည်။ လှိုင်သာယာ နဝဒေးအိမ်ရာ Block 2C No 3 အိမ်ဖောက်ထွင်းခံရပါတယ်ရှင်.. ဇွန်လ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ကပါ.. IPhone ၁ လုံးနဲ့ တခြားပစ္စည်းများ ပါသွားပါတယ်..

Camera တစ်ချို့ကို ဖျက်စီးခဲ့ခြင်း အဝတ်နှင့်အုပ်ထားခြင်းကြောင့် ဘယ်လိုဝင်ပြီး ဘာတွေ ယူသွားလဲ ဆိုတာတော့ အတိအကျမသိသေးပါဘူးရှင်.. ကိုယ့်ဘေးက အိမ်လဲ အောက်ထပ်က တံခါးတွေ ပွင့်နေတယ်လို့ ပြောပါတယ်.. သေချာလိုက်ကြည့်တော့ ဘေးချင်ကပ်အိမ်ကနေ ခြံစီးရိုးကို ဖြတ်ပြီး ဝင်လာတာပါ.. အိမ်ရာထဲနေတာတောင် မလုံခြုံတော့ပါဘူးရှင်..

အပေါ်ထပ်သာ တက်လာခဲ့ရင် မတွေးရဲစရာပါပဲ.. သူခိုးဝင်မှန်းတောင် မသိပါဘူး ညဘက် အိပ်ပျော်နေကြတာဆိုတော့.. သူခိုးက ခိုးသွားတဲ့ဖုန်းနဲ့ မနက် ၃ နာရီလောက် ညီမဖုန်းကို ဆက်ပြီး ညစ်တီးညစ်ပတ်တွေလဲ ပြောပါတယ်.. နောက်ထပ်လဲ လာအုံးမယ်လို့ ပြောသွားပါတယ်ရှင်..

ဖုန်းက lock မထားထားလို့ ခေါ်လို့ရတာပါ.. အခုတော့ Macbook နဲ့ချိတ်ပြီး ခိုးသွားတဲ့ဖုန်းကို lock ချထားလိုက်ပါတယ်ရှင်.. (YadanarAungMyin)

(Visited 991 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*