ပေါင်တွေနာနေပြောတဲ့ (၉)နှစ်သမီးလေးကို မိခင်ဖြစ်သူက နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မေးမြန်းရာ See more

ပေါင်တွေနာနေတဲ့ (၉)နှစ်သမီးလေးကို မိခင်ဖြစ်သူက နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မေးမြန်းရာ See more

မရန်းကုန်း/သရက်တော(မွန်ပိုင်း)သထုံမြို့နယ်သုဝဏ္ဏဝတီမြို့အနောက်ဘက်မရန်းကုန်းကျေးရွာ(မွန်ပိုင်း)တွင်လွန်ခဲ့သောရက်ကအသက်(၁၇)နှစ်ရှိအမျိုးသား လူငယ်မှအသက်(၉)နှစ်ရှိမိန်းခလေးငယ်အား အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သော(၁၄)ရက်ခန့်မရန်းကုန်းကျေးရွာသရက်တော(မွန်ပိုင်း)တွင်မ===ဆိုသူမှခါးနာပြီးပေါင်များပါနာကျင်နေကြောင်းပြော၍ဒေါ်ပန်းမွှေးမှရိုးရာကိုင်သည် ဟုထင်မှတ်ကာ နတ်အုန်းအုန်းဝယ်ရန်ကျိုက္ကော်သို့နေအိမ်မှထွက်လာခဲ့သည်။ ထိုမှတဆင့်ဇရာစ်ချောင်ကျေးရွာအဒေါ်ဖြစ်သူဒေါ်မြင့်သန်းနေအိမ်သို့သွားရောက်လည်ပတ်ပြီ

း(၂)ညအိပ်ခဲ့ရာ ညီမဖြစ်သူဒေါ်အးချိုမှသမီးဖြစ် သူမအားသထုံဆေးရုံတွင်တက်ရောက်စေပြီး ဆေးကုသမှုပြုလုပ်နေကြောင်းဖုန်းဖြင့်လှမ်းအကြောင်းကြားလာ၍ဆေးရုံသို့လိုက်သွားခဲ့သည်။ဆေးရုံတွင်သမီးဖြစ်သူကိုမေးမြန်းကြည့်ရှုရာမိန်းမအင်္ဂါတွင်ညိုမဲနေပြီးလက်မဝက်ခန့်ကွဲနေသည်ကိုတွေ့ရ၍မေးကြည့်ရာ

လွန်ခဲ့သော(၁၄)ရက်ခန့်ကဒေါ်ပန်းမွှေး၏ခဲအိုတော်စပ်သူဦးမြင့်စိုးနေထိုင်သော မရမ်းကုန်းကျေးရွာ/သရက်တော(မွန်ပိုင်း)နေအိမ်တွင်မ===၏အမဝမ်းကွဲတော်စပ် သူမခင်ငြိမ်းစိုးနှင့်အတူညအိပ်နေစဉ်အောင်သန်းထွေး(ခ)ခလေးငယ်(သ)၁၇နှစ် မှအလိုမတူဘဲသားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့်ယ္ခုကဲ့သို့ဒါဏ်ရာများရှိခဲ့ကြောင်း

သမီးဖြစ်သူမ==မှပြောပြသိရှိခဲ့သည်။သိမ်ဆိပ်ရဲစခန်းတွင်ဒေါ်ပန်းမွှေးကတရားလိုပြုလုပ်ကာသမီးဖြစ်သူအားအလိုမတူဘဲသားမယားအဖြစ်ပြုလုပ်သူအားဥပဒေနှင့်အညီအရေးယူပေးရန်တိုင်ကြားလာ သဖြင့်ပြုကျင့်သူအောင်သန်းထွေး(ခ)ခလေးငယ်အားစခန်းမှုးရဲအုပ်လင်းသူအောင်မှရဲတပ်ဖွဲ့ဝင်များအသိသက်သေများနှင့် အတူသွားရောက်ဖမ်းဆီးခဲ့သည်။

သိမ်ဆိပ်ရဲစခန်းတွင်အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်သူအောင်သန်းထွေး(ခ)ခလေးငယ်သရက်တောပိုင်းနေသူအားသိမ်ဆိပ်ရဲစခန်းက အမှုဖွင့်အရေးယူကာအမှုစစ်စခန်းမှုးရဲအုပ်လင်းသူအောင်ကဆက်လက်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။ ယုအောင်/ပိုးပိုး(သိမ်ဆိပ်)

(Visited 5,984 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*