နောက်အိမ်ထောင်ပြုဖို့ ကိစ္စနဲ့ပတ်သတ်ပြီး ပြောလာတဲ့ သရုပ်ဆောင် ချမ်းမီမီကို
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ချမ်းမီမီကိုက နောက်ထပ် အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိ/မရှိ ဆိုတာကိုအခုလို ပြောပြလာခဲ့ပါတယ်နော်။သရုပ်ဆောင် ချမ်းမီမီကိုက ချမ်းမီက စကားကိုတော့ အကုန်မပြောချင်ဘူး၊ ကိုယ်ကလည်း ထပ်ပြီးတော့ အိမ်ထောင်မပြုချင်ဘူး၊
ကိုယ့်သားကိုပဲ အချိန်ပေးမယ်ဆိုပြီး ပြောလိုက်ပေမယ့် စကားကျွံရင် နှုတ်လို့မရတာတွေ ရှိတယ်၊ နောင်တချိန် ကံစပ်လို့ တခုခုဖြစ်သွားခဲ့ရင် ဆိုတာလည်း ရှိတယ် ။ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအပိုင်းကို ပံ့ပိုးပေးမယ်၊ အဲ့လိုမျိုးလေးတော့ စဉ်းစားထားပါတယ်၊ ကိုယ့်ကလေးကိုလည်း အရမ်းဖြစ်ရမယ်ဆိုတဲ့ ဇော မရှိပါဘူး၊
ကိုယ်နိုင်သလောက်လေးပဲ ဖြည့်ဆည်းပေးရမှာပေါ့ ။အခုအချိန်မှာတော့ အိမ်ထောင်ရေးကို စိတ်မဝင်စားသေးဘူး၊ အလုပ် လုပ်မယ်၊ တချို့အမျိုးသမီးတွေလည်း ဘယ်အိမ်ထောင်ပြုချင်ပါ့မလဲ၊ ကံအကြောင်းတရားတွေ ဖူးစာကံဆိုတာ ဘယ်ပြောလို့ ရမလဲ၊ ဖြစ်ချိန်တန်ရင် ဖြစ်တယ်ဆိုတာ ရှိကြတော့ ပြောလို့ မရဘူး၊
ကိုယ့်ကလေးအတွက်ကို နှလုံးသားထဲမှာ ကိန်းပြီး စဉ်းစားသွားမယ် ဆိုပြီးပြောပြလာခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တက်ဆက်ပေးလိုက်ပါတယ်နော်။
Be the first to comment