ထိုင်းမှာနာမည်ကြီးနေတဲ့ ဆုတောင်းပြည့်တယ်ဆိုတဲ့ ဖိစောင်နတ်အကြောင်း …
အခုတလောထိုင်းနိုင်ငံမှာဖိစောင်နတ်အကြောင်းဟာ နာမည်ကြီးနေပါတယ်။ ဖိစောင်နတ်ရှိတဲ့ ခြံရဲ့ပိုင်ရှင်ကဖိအေဆိုသူအမျိုးသားဖြစ်ပြီး သူ့ရဲ့ ခြံထဲကအပင်ကို ခုတ်ဖို့လုပ်ရင်း ဖိစောင်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဖိစောင်နတ်ကို ဖိစောင် (အစ်မတော်)သို့ ဖိစောင်ခွန်စွေ (အစ်မလှလှလေး) လို့လည်း ခေါ်တယ်လို့လည်း သိရပါတယ်။
ဖိစောင်နတ်ရဲ့ ထူးခြားချက်ကဓာတ်ပုံကြည့်ပြီး ဆုတောင်ရုံနဲ့ကို ဆုတောင်း ပြည့်တယ်လို့ သိရပါတယ်။ ဖိစောင်ဆီမှာလူအများစု တောင်းတဲ့ ဆုက ထီဆု လို့ သိရပါတယ်။ဖိစောင်ရဲ့ မျက်နှာပုံစံကအသက်သိပ်မကြီးသေးဘဲ အဖြူရောင်ကို ကြိုက်နှစ်သတ်တယ်လို့ သိရပါတယ်။ ဆုတောင်းပြည့်ပြီး ထူးခြားတာကြောင့် ခဏဆိုသလိုမှာပဲ ဖိစောင်ရဲ့ သတင်းက
ထိုင်းနိုင်ငံမှာ လူစိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကဖိစောင်ဆီကို ကိုယ်တိုင်ကိုယ်ကျသော်လည်း တစ်ဆင့်ခံသော်လည်းကောင်း လိုချင်တဲ့ဆုတွေတောင်း ကြပါတယ်။ ဖိစောင်ဆီကို ရောက်လာတဲ့နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်ကလည်း ဖိစောင်ရဲ့ မျက်နှာ ပုံသဏ္ဍာန်ကိုခန့်မှန်းပြီး ပန်းချီ တစ်ချပ်ဆွဲခဲ့တယ်လို့ သိရပါတယ်။
ပန်းချီပုံထဲမှာတွေ့ရတဲ့ဖိစောင်ရဲ့ ပုံစံက အပြင်မှာ ကိုယ်ထင်ပြဖူးတုန်းက မြင်ရတဲ့ ဖိစောင်ရဲ့ မျက်နှာနဲ့၉၀ ရာခိုင်နှုန်းလောက် တူတယ်လို့ သိရပါတယ်။ တချို့ကလည်း ရိုးရိုးသာမန် သစ်ပင်အမြစ်ကြီးဆိုပြီး မယုံကြည်သူတွေလည်း ရှိပါတယ်။
Be the first to comment