တိုက်ပေါ်ကခုန်ချပြီး သေကြောင်းကြံစည်ခဲ့တဲ့အထိ စိတ်ဒဏ်ရာရခဲ့ဖူးတယ်ဆိုတဲ့ မင်းမော်ကွန်းဇနီး …

တိုက်ပေါ်ကခုန်ချပြီး သေကြောင်းကြံစည်ခဲ့တဲ့အထိ စိတ်ဒဏ်ရာရခဲ့တဲ့ မင်းမော်ကွန်းဇနီး …

တော်လှန်ရေးများလုပ်နိုင်တဲ့ ဘက်ကနေ ပါဝင်နေတာကတော့ ပြည်သူ့အချစ်တော် မင်းမော်ကွန်းဖြစ်ပါတယ်။ကိုကျော်လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသားဖြစ်ပါတယ်။ တော်လှန်ရေး စကတည်းက သူဟာပါဝင်တော်လှန်ရင်း လွတ်မြောက်နယ်မြေမှာလည်း အချိန်အတော်ကြာ နေခဲ့ရတာလည်းဖြစ်ပါတယ်။

အခုမှာတော့ သူဟာလွတ်မြောက်နယ်မြေကနေ ဩစတေးလျကို ရောက်ရှိနေတာပါ။ မနာလိုတဲ့ လူတစ်စုကတော့ သူ့ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲတာကြောင့်လည်း Blogger တစ်ယောက်ကနေ ကိုကျော်ရဲ့ တော်လှန်ရေး စိတ်ထားအမှန်ကို အခုလို လေးစားဖွယ် ရေးထားပြောဆိုခဲ့တာပါ။

ကိုကျော်ကို ဆဲလဲဆဲကြပေါ့။ ဒါပေမဲ့ သူ့မိသားစုကြုံရတဲ့ စိတ်ဒုက္ခကလဲ မသေးပါဘူး။ သူကမြန်မာဘက်မှာနေချင်တယ်၊ သူ့မိန်းမနဲ့ ကလေးငယ်ကကျတော့ တောထဲမှာ လိုက်နေဖို့ အဆင်မပြေဘူး။(ဒါတောင် အကြာကြီးနေသွားပါသေးတယ်) မိသားစုပြသနာတွေနဲ့ သူ့မိန်းမက တိုက်ပေါ်က ခုန်ချဖို့တောင် လုပ်တယ်ပြောတယ်။

ဝင်ငွေမရှိတာတွေ ၊ အလုပ်မရှိတာတွေ နောက်ကလိုက်လာတဲ့ ဝရမ်းပြေးဘဝက ခက်ခဲတယ်နော်။ ဒါတောင် ကျန်းမာရေးကိစ္စ၊ ပညာရေး ကိစ္စမပါသေးဘူး။ ကိုကျော် သူ့မိသားစုကို သွားပို့ပြီး ပြန်လာမယ်လို့ ပြောသံကြားတယ်။ ဒါလဲ သူ့ကိစ္စပါဘဲ့။ အရေးကြီးတာက ကိုကျော်တော်လှန်ရေး စကတည်းက အပေါ်ယံမဟုတ်ဘဲ

သူတတ်နိုင်တဲ့ ဘက်ကနေ တောက်လျှောက်ပါလာခဲ့တာ။ အခုချိန်ထိလည်း တော်လှန်ရေးကို သစ္စာမဖောက်ခဲ့ဘူး တော်လှန်ရေးကို အသုံးမချဘူး။ တော်ပြီပေါ့ ကိုသာ သူ့နေရာမှာ ဆိုရင်…ဆိုတာလေးဘဲ့ တစ်ချက်တွေးပေး။ အိုင့်ကိုလဲ လာဆဲမနေနဲ့အုံး အိုင်ကပြန်မဆဲဘူး ။ ဘာလို့လဲသိလား အင်တာနက်မှ မရတာကိုးဆိုပြီး မင်းမော်ကွန်းရဲ့ အခြေနေကို ပြောပြလာတာဖြစ်ပါတယ်။ Credit

(Visited 323 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*