မိုင်းဖုန်းဆရာတော်ကြီးရဲ့ ခြေဟန်လက်ဟန်တွေ၊ လှုပ်ရှားမှုအိန္ဒြေတွေကို ပြစ်မှားပြောဆိုနေကြတာတွေ တွေ့ရတာကြောင့် (မိုင်းဖုန်းဆရာတော်ကြီးဆိုတာ ကိုးကွယ်သင့်/မသင့်)

မိုင်းဖုန်းဆရာတော်ကြီးရဲ့ ခြေဟန်လက်ဟန်တွေ၊ လှုပ်ရှားမှုအိန္ဒြေတွေကို ပြစ်မှားပြောဆိုနေကြတာတွေ တွေ့ရတာကြောင့် (မိုင်းဖုန်းဆရာတော်ကြီးဆိုတာ ကိုးကွယ်သင့်/မသင့်)

မိုင်းဖုန်းဆရာတော်ကြီးဆိုတာ ကိုးကွယ်သင့်/မသင့် မိုင်းဖုန်းဆရာတော်ကြီးရဲ့ ခြေဟန် လက်ဟန်တွေ၊ လှုပ်ရှားမှု အိန္ဒြေတွေကို ပြစ်မှားပြောဆိုနေကြတာတွေ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ရိုးရိုးပဲတွေးပါတယ်… (Edit: မှတ်ဖူးတဲ့ ရှင်သာရိပုတ္တရာ မြောင်းခုန်တဲ့အကျင့်ဝါသနာရှိတယ်ဆိုတဲ့ ဥပမာကို အောက်မှာ တစ်ယောက် ထောက်ပြလို့ ဖျက်လိုက်ပါတယ်.. အဲဒီအစား အရှင်ပိလိန္တဝစ္ဆနဲ့ အစားထိုးအပ်ပါတယ်။ ထောက်ပြသူကို ကျေးဇူးပါ။)

ဖတ်ဖူးမှတ်ဖူးရတဲ့ ပိဋကတ်တော်လာအရဆိုရင် နတ်တွေချစ်ခင်မြတ်နိုးရာမှာ ဘုရားပြီးရင် အသာလွန်ဆုံး ဧတဒဂ်ဖြစ်တဲ့ အရှင်ပိလန္ဒဝစ္ဆ ရဟန္တာကြီးဟာ လူတွေကိုရော… ရဟန်းတွေကိုပါ “လူယုတ်” လို့ ခေါ်လေ့ရှိပါသတဲ့.. ရဟန္တာဖြစ်လျက် ဘာလို့အဲဒီလို နှုတ်ထွက်ကြမ်းရသလဲလို့ မေးကြတော့ မြတ်စွာဘုရားက “ဘဝအဆက်ဆက် လေ့ကျက်ပွါးထုံခဲ့တဲ့ ကိလေသာရဲ့ အငွေ့သတ္တိ ဆိုတဲ့ဝါသနာကြောင့် အဲဒီလို နှုတ်ထွက်ကြမ်းတာ၊ ဒါပေမယ့် ဒေါသစေတနာမပါပါဘူး” လို့ မိန့်ပါသတဲ့..

အဲဒီအရှင်မြတ်ဟာ ဘဝ ၅၀၀ ဆက်တိုက် သူတစ်ပါးကို လူယုတ် လို့ခေါ်တဲ့ ပုဏ္ဏားမျိုးမှာ ဖြစ်ခဲ့ဖူးတယ်။ (ဓမ္မပဒ ဌ-၂၊ ၄၁၉) မိုင်းဖုန်းဆရာတော်ကြီးကတော့ ဘူတန်နိုင်ငံက ဆရာတော်ကြီးတစ်ပါး ဝင်စားတာ လို့ ဆိုပါတယ်… အဲဒီကျောင်းကို ပြန်ရောက်တဲ့အခါတုန်းက သူ့ဘဝဟောင်းက ပစ္စည်းတွေကို သူပြန်ရွေးယူနိုင်တယ်လို့ အောက်စဖို့ဒ်ဆရာတော်တရားမှာ နာကြားရပါတယ်။ အဲဒါကြောင့်အနီးဆုံးဘဝက ဝါသနာဟာ ဒီဘဝမှာ ဆန်းပြားတဲ့ အမူအယာကို ဖြစ်စေနိုင်တာဖြစ်လို့ ဆရာတော်ရဲ့ ထူးခြားတဲ့ အမူအယာတွေကို အပြစ်လို့ ဆိုမယ်ဆိုရင်လည်း သိပ်တော့ အဆင်မပြေလှပါဘူးလို့ပဲ ပြောချင်ပါတယ်။

အရှင်ဘုရားတို့လည်း သိနားလည်ပြီးကိစ္စပဲ… အိန္ဒြေကြီးတစ်ခွဲသားနဲ့ အိုက်တင်မျိုးစုံခံပြီး နောက်ဆုံးကျမှ ဖျင်ခံကိုယ်တော်ဖြစ်နေတာမျိုးကိုလည်း ကြုံဖူးကြာတာမို့ သတိချပ်သင့်ပါတယ်… တချို့ကိုယ်တော်တွေလည်း ပရိယတ် ပဋိပတ် လုပ်ကြတာက လုပ်ကြတာပါပဲ… ဝါသနာတွေကတော့ တစ်မျိုးစီ ရှိကြတာပဲ မဟုတ်လားဘုရာ့… အမှန်အတိုင်း ဝန်ခံရရင် တပည့်တော်လည်း မိုင်းဖုန်းဆရာတော်ကို ဓာတ်ပုံ စ တွေ့ဖူးကာစ ငယ်ငယ်တုန်းက မကြည်ညိုဘူး…

အဲဒီလိုပဲ ကိုယ့်အသိဉာဏ် တစ်ထွာတစ်မိုက်နဲ့ ပြစ်မှားခဲ့ဖူးတယ်။ ကြီးလာတော့မှ နဂါးနှစ်ကောင်ဆရာတော်ကြီးတို့လို ရှမ်းဘုန်းကြီးတွေကို ဖူးမြင်ဖူးပြီးသကာလ တိုင်းရင်းသားဒေသက ဗုဒ္ဓဘာသာ ကိုးကွယ်မှုသဘောတရားတွေကို နားလည်လာတာ… အလှူအတန်း ခင်းကျင်းပုံတွေ၊ လှူဖွယ်အခင်းအကျင်းတွေ ပူဇော်သက္ကာယပြုပုံတွေက ဗမာတွေနဲ့ မတူဘူး… ပရိတ်ပဋ္ဌာန်းရွတ်ဖို့ ခင်းကျင်းတာတွေကအစ တမျိုး ဆန်းတယ်။

ပရိတ်တရားတော်ရွတ်ဖတ်သရဇ္ဈာယ်ပုံတွေကအစ ဗမာပြည်မှာလို တစ်ပါးတစ်ပေါက် ဖြစ်မနေဘူး… နှုတ်ထွက်၊ သံပေါက်က တစ်ထပ်ထဲ… ညီညာတယ်။ ရှမ်းလူမျိုးတွေက ဘာသာတရား အလွန်ကိုင်းရှိုင်းတယ်။ အဲဒါကို ကိုယ့်ဒေသ အသွင်သဏ္ဍာန်မတူတာနဲ့ ထေရဝါဒီမဟုတ်ဘူးလို့ ဇွတ်ဖြုတ်လို့မရဘူး… အရှင်ဘုရားတို့ ပြောသလို ဝိနည်းဓမ္မကံနဲ့ အချို့သောအရာတွေမှာ လွဲနေရင် လွဲနေလိမ့်မယ်.. ဥပမာ – ရက်လနှစ်ရှည် ဂူအောင်း အဓိဋ္ဌာန် ဝင်နေစဉ်မှာ ဆံတော်မပါယ်တာမျိုး၊ ဆံတော် လက်လေးသစ်ထက် ပိုရှည်နေတာမျိုး….

ဒါပေမယ့် ဂူထွက်တာနဲ့ ချက်ချင်းပယ်တာပဲ… ချက်ချင်းဆိုသလို ကြည်ညိုဖွယ် အဆင်းအသွင်ကို ပြန်ယူတာပဲ… တပည့်တော်တို့တော့ အပြစ်ဟူ၍ မမြင်ပါဘုရား… ဘုရားပညတ်တဲ့ ဝိနည်းတော်မြတ်ကို တသဝေမတိမ်းဖို့ဆိုတာ.. အရှင်ဘုရားတို့လည်း လွယ်ကူမှာ မဟုတ်ပါဘူး… အခုလို သံဃာချင်းချင်း လိုင်းပေါ်တက် ဘလိမ်းတာလည်း ဝိနည်းနဲ့ လွတ်မယ်မထင်ပါဘူး… အဲဒီထက် ရက်စက်တဲ့စကားက သာသနာကိုအတွင်းက ဖျက်တယ်ဆိုတာတောင် ပါလိုက်သေး…

အဲဒါမျိုးကျ ဘဝင်မကျချင်ဘူးဘုရား… နောက်တစ်ခုကတော့ ခေါင်းဆောင်းတော်ပါ… ပရိက္ခရာ (၈) ပါးမှာ မပါတာပဲရှိမယ်… အေးလွန်းတဲ့ဒေသအတွက် ဦးပြည်းကိုကာကွယ်ဖို့ရာ ဒေသရိုးရာဓလေ့ပုံစံအတိုင်း ခေါင်းဆောင်း ဆောင်းခြင်းကို တပည့်တော်တို့ကတော့ ပြဿနာတစ်ခုလို့ မယူဆပါဘူး… ရန်ကုန်မှာနေပြီး ချမ်းတဲ့ရာသီရောက်ရင် ဖျားနာချမ်းတုန်ရင် သင်္ကန်းအတွင်းက ဆွယ်တာခံဝတ်ဖူးကြတယ်ဆိုပါက မိုင်းဖုန်းဆရာတော်ကြီး ခေါင်းဆောင်းတော်ကို ဘာမှ ဝေဖန်စရာမရှိပါဘုရာ့…

ခေါင်းဆောင်းတော်တွေမှာ အလှူရှင်တွေရဲ့ ရိုးရာဓလေ့အရ Decorations ပါပေမယ့် အခြေခံက ချည်သင်္ကန်းအရောင်တွေပါပဲ.. ပြီးတော့ သူ့ဒကာတွေရဲ့ ဝတ်စားဆင်ယင်မှုကို ပြက်ရယ်ပြုတာဟာ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ရိုးရာဝတ်စုံကို ပြက်ရယ်ပြုတာနဲ့တူပါတယ်… သတိချပ်ဖို့ကောင်းပါတယ်… သူ့ပြည်နယ် တိုင်းရင်းသားရိုးရာအရ သူ့ကို ပူဇော်သက္ကာယ ပြုပုံတွေ၊ လှူဒါန်းတဲ့ အသုံးအဆောင်တွေကို အသုံးပြုပုံတွေဟာလည်း တိုင်းရင်းသား ရိုးရာ ဖြစ်ပါတယ်၊ မလှောင်ကောင်းပါဘူး…

ပြီးတော့ ပြောတဲ့သူကိုယ်၌က ဒေသန္တရ ဗဟုသုတ နည်းတာကို ဝန်ခံနေသလိုလည်း ဖြစ်နေပါတယ်… တောင်ဝှေးကို တောင်ဝှေး လို့ပဲ မှတ်ပါ… ယပ်ကို ယပ်လို့ပဲ မှတ်ပါ… ရေဗူးကို ရေဗူးလို့ပဲ မှတ်ပါ… ဒါဆိုရင် တောတကာ တောင်တန်းတကာမှာ ခြေလျင်လျှောက်၊ လိုဏ်ဂူတကာမှာ တရားကျင့်တဲ့ ကမ္မဋ္ဌာန်းကျင့်သူ အရညဝါသီတစ်ပါးအတွက် ရေဗူး၊ ယပ်၊ တောင်ဝှေးဆိုတာက မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေပါပဲ…

ဆရာတော်ရဲ့ ဘုန်းကံကြောင့် တောင်ဝှေးက ရွှေအစစ်ဖြစ်ချင်လည်း ဖြစ်နေပစေအုံး… နှစ်နဲ့ချီပြီး ဂူအောင်း ကမ္မဋ္ဌာန်းကျင့်နေတဲ့ပုဂ္ဂိုလ်က ဘာတွယ်တာနေရမှာလဲ… အရှင်ဘုရားလေးတို့ အာရုဏ်ဆွမ်း မစွန့်နိုင်သေးတဲ့အချိန်မှာ မိုင်းဖုန်းဆရာတော်က တစ်နပ်ပဲ ဘုဉ်းပေးတော်မူတယ်ဆိုရင် ဆက် blame ဖို့ရာ ဆင်ခြင်သင့်တယ်…. အဓိကက သူဟောတဲ့ တရားထဲမှာ အရှင်ဘုရားတို့ပြောပြောနေတဲ့ ဓာတ်လိုလို နတ်လိုလိုတွေ ပါသလား.. မပါဘူးလား… ဘုရားဟောကို ဆန့်ကျင်သလား…

ဘုရားဟောကို ထပ်ဆင့်ဟောခြင်း မှန်သလား မမှန်ဘူးလား ဆိုတာကိုပဲ နားလည်အောင် နာကြားပြီး သုံးသပ်ရမှာပါ… ရှမ်းလိုဟောတဲ့တရား… ပါဠိကို ရှမ်းသံနဲ့ရွတ်တဲ့တရားကို နားလည်ပြီးမှ ဝိဇ္ဇာယောင် ဇော်ဂျီယောင်လား… ကမ္မဋ္ဌာန်းတရားလား ပြောကြပါ… ကမ္ဘာလှည့်သာသနာပြုတွေဖြစ်တဲ့ Oxfords ဆရာတော်တို့တောင် မိုင်းဖုန်းဆရာတော်ရဲ့ တရား ဒေသနာတွေကို တလေးတစား နာယူ ဘာသာပြန်ဆိုပေးပြီး

ဆရာတော်ဟာ ထေရဝါဒီဖြစ်ကြောင်းသက်သေထူပေးနေတာကို အရှင်ဘုရားလေးတို့က ကြောင်းကျိုးပြည့်စုံစွာ မရှုမမြင်ဘဲ ဇွတ်တွေ blame နေလို့ ဘာအကျိုးမှ မမြင်ဘူးဘုရာ့… (ရိုသေစွာဖြင့် ဒကာတော် ကွီးပိုင်) မိုင်ဖုန်းဆရာတော်သာဝကများနှင့်အသွင်ပြင် စာရေးသူကို သင်တန်းဆရာတစ်ယောက်က အကြံ ပြု,အသိပေးထားတယ်၊ဝေဖန်ရေးတွေ မရေးသင့် ပဲ ပညာရေးကိစ္စတွေမှာသာ ခေါင်းနစ်ကာကြိုးစား စေချင်တယ်ပေါ့၊မှန်ပါတယ်၊ဆရာက သုတေသန ကျမ်းစာတွေကိုရေးသားရာမှာ အကြံပြုဆွေးနွေး တာတွေလုပ်ပေးနေတော့ အရာတော်တော်များကို ရှုထောင့်မျိုးစုံကနေ မြင်တတ်သူပင်ဖြစ်ပါတယ်။

စာရေးသူကို အကြံပြုပေးတဲ့သူတွေရှိနေတာဟာ အရမ်းကံကောင်းတယ်” ဟု ခံယူပါတယ်၊သူငယ် ချင်းတွေ,ဆရာသမားတွေကလည်း အကြံပြုကြ သတိပေးကြပါတယ်၊အားလုံးကို ကျေးဇူးတင်မိ။ စာရေးသူအနေနဲ့ -ဝေဖန်ရေးတွေ ရေးနေတာက အကြောင်းမဲ့ရေးနေတာတော့ မဟုတ်ပါဘူး၊တခု ခုအပေါ် နှလုံးသွင်းရည်ရွယ်ချက်ရှိတာကြောင့်ပဲ ဝေဖန်မှုတွေလုပ်တာဖြစ်တယ်၊သီတဂူဆရာတော် နှင့်ဆရာတော်ဦးဆေကိန္ဒတို့အပေါ်ကာကွယ်တာက သီတဂူဆရာတော်က သာသနာတော်အတွက် ကျေးဇူးများလို့,ဆရာတော်ဦးဆေကိန္ဒက မဇ္ဈိမာ လက်ာရသာမဏေကျော်အသင်းရဲ့အဖွဲ့ဝင်- ဖြစ်နေတာကြောင့်=ရှေ့ကနေ မားမားမှတ်မှတ်ရပ်ခဲ့။

တခါ သာသနာတော်အတွင်းမှာလည်း ပြဿနာ အချို့ကလည်း ရှိနေပါတယ်၊ခုနာမည်ကြီးနေတဲ့ မိုင်ဖုန်းဆရာတော်ကို လေးစားမှုတော့ရှိပါတယ်၊ သို့ပေမယ့် ဒိဋ္ဌာဂတိ-ဆိုတာရှိသည်၊အဲဒါက-ရှေ့ က လူတွေရဲ့ အမူအရာ,အလေ့အကျင့်-စတာကို နောက်ကလူတွေ- အတုလိုက်ကျင့်တတ်ကြခြင်း ဖြစ်​၏၊ဒါကို ဒိဋ္ဌာဂတိ-ဟု စာပေမှာဆိုထားတယ်။ ဒိဋ္ဌာဂတိက အသွားနှစ်ဖက်ပါသောဓားတလက် ပါပဲ၊ ကောင်းတဲ့အရာတွေ ရှိသလို မကောင်းတဲ့ အရာတွေလည်း ရှိပါတယ်၊

ကောင်းတဲ့အရာက မဟာဂန္ဓာရုံဆရာတော်,မင်ကွန်းဆရာတော်များ လို အတုယူနေထိုင်တာမျိုးတွေပါ၊မကောင်းတဲ့ အရာကတော့ ခုမြင်တွေ့နေရသည့် မဟာယာန လိုလို အသွင်အပြင်နှင့် အမူအယာမျိုးတွေပါ။ တကယ်တော့ ရသေ့လိုလို ဘာလိုလိုတွေဟာ သာသနာတော်ရဲ့ပျက်စီးဖို့အကြောင်းဖြစ်၏’ ဟု ဒီဃနိကာယ်၊အမ္ဗဋ္ဌသုတ်မှာ ဆိုမိန့်ထားပါ တယ်၊ဒါဘာကြောင့်လဲ?ဆိုတော့ တချို့သော ရဟန်းတွေက ရဟန်းကျင့်ဝတ်စည်းကမ်းကို မလိုက်နာနိုင်တော့ ရသေ့လိုလိုနေသွားတာက အဆင်ပြေတယ်၊အနေချောင်တယ်”-တွေးပြီး

မိုင်ဖုန်းဆရာတော်၏-တပည့်တွေလို -ထေရ- ဝါဒ-ရဟန်းအသွင် တစက်မှမရှိပဲ နေထိုင်ကြ ကာ ဘုန်းကြီးနေတာတွေကိုအားကျ၍ အခြား သောရဟန်းတွေလဲ အတူလိုက်လုပ်တာ များ- လာရင် ဒါဟာ စစ်မှန်တဲ့ဗုဒ္ဓသာသနာကို ပျက် စီးစေသလို အခြားသော ဘာသာရေးတွေက ဖျက်ဆီးတာတွေထက် ပိုပျက်စီးစေနိုင်တယ်။ ဒါကြောင့်ပင်=ရသေ့လိုလို ဘာလိုလို-တွေဟာ သာသနဿ ဝိနာသမုခ=သာသနာတော်ပျက်စီး ဖို့ရန်အကြောင်းဖန်ခြင်းဖြစ်တယ်”ဟု ဘုရားရှင် က လွန်ခဲ့သော B.C 5 ရာစုက သတိပေးခဲ့တယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဘာသာရေးခေါင်းဆောင် များဖြစ်တဲ့ ရဟန်းတော်ဟာ-မိမိကိုယ်တိုင် မိမိ၊ တခြားသူတွေကို ဝေဖန်,သုံးသပ်မှုတွေပြုနေရ မှာ ဖြစ်တယ်”ဟု ဘုရားရှင်က မိန့်ကြားခဲ့တယ်။ ဘုရားရှင်လက်ထက်အခါက ဒေဝဒတ်က တစင် ထောင်ကာ သံဃာသင်းခွဲနေတဲ့-ကာလအချိန်မှာ ဘုရားရှင်က ရဟန်းသံဃာ-ညီညွတ်ရေးအတွက် အလွန်အရေးကြီးတဲ့တရားကို-မိန့်ကြားခဲ့တယ်။ “ရဟန်းတို့ ရံခါ ရံခါ မိမိရဲ့ -မပြည့်စုံမှု၊သို့မဟုတ် အားနည်းချက်တွေကို ဆင်ခြင်သုံးသပ် နေရမယ်၊ မှန်ပါတယ်၊

အမြဲတန်း အခြားသူတွေကိုပဲ ဝေဖန် နေရမှာ မဟုတ်ပါဘူး၊မိမိကိုယ်တိုင်မှာလည်း ဝေဖန်စရာ,အားနည်းချက်တွေကရှိနေတတ်ပါတယ်၊ စာရေးသူဆို-ဆိုရှယ်*မှာ လူသိများသူဆိုပေမယ့် လိုအပ်ချက်များစွာရှိသေးတယ်၊သတ်ပုံမှားတယ်၊ စာရေးလျင် Formal မကျသေးဘူး၊အလုပ်-လုပ် ရင် မသပ်ရပ်ဘူး”ဒါက စာရေးသူ အားနည်းချက် တွေဖြစ်တယ်၊အခြားအရာတွေလည်းအများကြီး၊ ရံခါ ရံခါ သူတပါးရဲ့မပြည့်စုံမှု,အားနည်းချက် တွေကို-ဆင်ခြင်သုံးသပ် ဝေဖန်ပြောဆိုရပါမည်။ တခြားသူတွေအမှားလုပ်ရင်,အားနည်းချက်တွေ ရှိရင် အပြုသဘောဆောင်ကာ ဝေဖန်,ထောက်ပြ ပေးရမှာဖြစ်ပါတယ်၊

ကိုယ့်မှာ အားနည်းချက်များ ရှိနေတာ မသိတာများတယ်၊တခြားသူကထောက် ပြပေမယ့် သိမြင်သွားကြလေ့ရှိကာ ပြုပြင်တယ်။ ရံခါရံခါမှာတော့ မိမိရဲ့ ပြည့်စုံမှု.အားသာချက် တွေကိုဆင်ခြင်သုံးသပ်နေရမည်။ ကိုယ့်မှာ အားသာချက်,ပြည့်စုံမှုတွေ ရှိနေတာက ကျေနပ်စရာပါ၊ဘဝအတွက် ဂုဏ်ယူစရာတွေပါ၊ ဒါတွေကို ငါ ဘာကြောင့်ရရှိပိုင်ဆိုင်ခဲ့တာလဲ?ဆို တာ ဝေဖန်သုံးသပ်ရပါမယ်၊ဒါမှ ပိုတိုးတတ်မှာ။ ရံခါ ရံခါ သူတပါးရဲ့ အားသာချက်များနှင့် ပြည့်စုံနေမှုနေမှုများကို ဆင်ခြင် သုံးသပ်နေ၏ ဒဝေဒတ်တဝိပတ်တိသုတျ။အံ။ပါ။

စာရေးသူက ဝေဖန်ရေးတွေ ရေးသားသည့်အခါ ဒီအချက်လေးချက်ကို ကျောရိုးပြုကာ ရေးသား တာ ဖြစ်ပါတယ်၊ ဘာသာသာသနာ,နိုင်ငံနဲ့လူမျိုး ကြီးပွါးဖို့,တိုးတတ်ဖို့,တည်တံ့ဖို့ ,ဝေဖန်,သုံးသပ် မှုပြုတာ ဖြစ်ပါတယ်၊စာရေးသူရဲ့အာနည်းချက် တွေကိုလည်း ဝေဖန်ထောက်ပြပေးစေချင်တယ်။ (ပညာစက်ဝန်း)၄:၀၉။ မှီငြမ်း။ ။ အမ္ဗဋ္ဌသုတ်၊ဒေဝဒတ္တဝိပတ္တိသုတ်၊ဒီ၊အံ။ crd ” မိုင်းဖုန်းဆရာတော်၏ ထူးခြားချက်များ … ” ဆရာတော်၏ ထူးခြားချက်များမှာ….

(၁) ငယ်စဉ်ကတည်းကစပြီး သက်သတ်လွတ်ဘုဉ်းပေးခြင်း။ (၂) ငယ်စဉ်ကတည်းကစ၍ကမ္မဋ္ဌာန်းဘာ၀နာကျင့်ကြံခြင်း။ (၃) လူသူကင်းမဲ့သည့် တောတောင်အတွင်းရှိ ဂူများတွင် တစ်ပါးတည်းမကြောက် မ ရွံ့တရားအား ထုတ်ခြင်း။ (၄) ဘာသာစကားအမျိုးမျိုး စာပေအမျိုးမျိုး သင်ယူခြင်းမပြုဘဲ အလိုလိုတတ်မြောက်နေခြင်း။ (၅) မတ်တတ်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် မလှုပ်မရှားပဲ တစ်ဆက်တည်းကျင့်ကြံနိုင်ခြင်း။

(၆) ထိုင်လျှက် အနေအထားဖြင့်ခုနှစ်ရက်တိုင်တိုင် တစ်ထိုင်တည်းတရားအားထုတ်နိုင်ခြင်း။ (၇) ဝါတွင်းသုံးလအတွင်းဂူ(သို့) တောတောင်တစ်နေရာရာတွင် စဉ်ဆက်မပြတ်တရားထိုင်ခြင်း။ (၈) ဝါတွင်းသုံးလ ဂူအောင်းနေစဉ် ဆွမ်းဘုဉ်းပေးခြင်းမရှိဘဲ သစ်သီး၊သစ်ဥ၊ သစ်ဖုများကိုသာ အဟာရ အဖြစ်မှီဝဲခြင်း။ (၉) ဝါတွင်းသုံးလ ကာလအတွင်း အမြဲတမ်း၀စီပိတ်ကျင့်ကြံခြင်း။ (၁၀) လူ၊နတ်၊သတ္တဝါတို့အား သွန်သင်ဆုံးမသြ၀ါဒစကားကို တရားတော်များနာပွားနေခြင်းမှ အလိုလို ပေါ်ပေါက်လာခြင်း။

(၁၁) လူ၊နတ်၊သတ္တဝါအားလုံး အဆင့်အတန်းမခွဲခြားဘဲမျှမျှတတ မေတ္တာထား ဆက်ဆံခြင်း။ (၁၂) အများတကာမှာ အလွန်ချမ်းနေပြီး ဖိနပ်၊ ခြေအိတ် အပြည့်အစုံနှင့် သွားလာနေထိုင် သော်လည်း ဆရာတော်မှာ ဗလာခြေဖြင့်ကြွ တော်မူခြင်း။ (၁၃) အများတကာမှာအလွန်ပူလောင်နေသည့် ကျောက်ခဲ ကျောက်စရစ်သဲပြင်များတွင် ဖိနပ်ဖြင့်သာသွားလာ၍ရသော နေရာများ တွင်လည်း ဆရာတော်မှာ ဗလာခြေဖြင့်သာ ကြွချီတော်မူခြင်း။ (၁၄) ရွှေ ၊ငွေ၊ ရတနာ အ၀တ်အစား အသုံးအဆောင် အစားအစာများအားလုံး နှမြောတွန့်တိုခြင်းမရှိဘဲ လူအများသို့ဒါန ပေးလှူခြင်း။

(၁၅)မရေမတွက်နိုင်သော သာသနိက အဆောက်အဦး၊ စေတီ၊ ပုထိုးတည်ဆောက်ရေးလုပ်ငန်း တို့တွင်ပါ၀င်လှူဒါန်းခြင်း။ (၁၆)ရပ်နီးရပ်ဝေး မည်သည့်နိုင်ငံ၊မည်သည့်နေရာဋ္ဌာနသို့မဆို အဓိဋ္ဌါန်ပြုပါက အခက်အခဲမရှိ ကြွရောက်တော်မူနိုင်ခြင်း။ (၁၇)မိမိ၏အတိတ်ဘ၀ အဆက်ဆက်ကို သိတော်မူခြင်း။ (၁၈) မိမိ၏ အနာဂတ်ကို ကြိုတင်သိတော်မူခြင်း။ (၁၉)မျက်နှာမြင်ရုံမျှဖြင့်တစ်ဖက်သား၏အတွင်းစိတ်ကို သိတော်မူခြင်း။ (၂၀)နေ့စဉ်နံနက်၊ညမပျက်မြတ်စွာဘုရားထံ၀တ်ပြုဆုတောင်းမေတ္တာပို့သခြင်း။

(၂၁)ဗုဒ္ဓသာသနာဆိုင်ရာတန်ခိုးကြီးအထွတ်အမြတ်နေရာဋ္ဌာနအားလုံးကိုသိမြင်တော်မူခြင်း။ (၂၂)သီလ၊သမာဓိဂုဏ်ကြောင့် အဆိပ်ရှိသတ္တဝါများ အကိုက်ခံရခြင်းမရှိခြင်း။ (၂၃)ကိုယ်ခန္ဓာမကြီးမသေး၊ မနိမ့်မမြင့်၊ မ၀မပိန်၊ အသံံသြဇာရှိခြင်း။ လူအများက သူထက်ငါဖူး မြော်လိုခြင်း၊ တစ်ကြိမ်ထက်မက လှူဒါန်းလိုခြင်း၊ တရားနာပြီးရင်းထပ်မံနာလိုခြင်း၊ သတင်းကြားရုံဖြင့် ဖူးမြော်လိုစိတ် အလိုလိုပေါ်ပေါက်ခြင်း။ (၂၄) မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံတို့မှ ဆရာတော်များကဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံရခြင်း တို့ဖြစ်ကြောင်းထပ်မံသိရသည်။

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံ၀ရသည် (၃)နှစ် ကာလတိုင်တိုင် ဂူပိတ် တရားကျင့်ကြံအားထုတ်တော်မူသည်။ ထို့ကြောင့်ဆံတော်များနှင့် မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးများ ရှည်လျားနေလျှက်ရှိသည်ကို တွေ့ရပြီး ဂူကထွက်လာအပြီးမှာတော့ ဆံတော်များ ရိတ်ပယ်ထားသည်ကို တွေ့ရှိရသည်။ ဆရာတော်သည် ဂူပိတ်တရားကျင့်နေစဉ်အတွင်း သစ်သီးဆွမ်းသာ ဘုန်းပေးသည်ဟုသိရပါသည်။ ဆရာတော်အား ဖူးမျှော်ရန်နှင့် တရားနာယူနိုင်ရန် အတွက် မြန်မာနိုင်ငံ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊

တာချီလိတ်မြို့နယ်မှ တိုင်းရင်းသားများ အပါအ၀င် ထိုင်းနိုင်ငံ ဘက်မှ ဆရာတော်အား ကြည်ညိုကြသူများသည် ဆရာတော်ရှိရာ သွားရောက် ဖူးမျှော်ကြသည်မှာ လူဦးရေ ထောင် သောင်းမက ရှိကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကတည်းက တရားဓမ္မ ကျင့်ကြံ ပွားများအားထုတ်ခြင်း၊ အကျင့်သီလ မြဲမြံမှုရှိခြင်း၊ စေတီပုထိုးများစွာ တည်ထား၍ သာသနာပြုခြင်း တို့ကြောင့် မြန်မာပြည်မှ တိုင်းရင်းသားများ သျှမ်းတိုင်းရင်းသားများအပြင် ထိုင်းနိုင်ငံမှလည်း ကြည်ညိုကိုးကွယ်သူများ များပြားကြောင်းတွေ့ရှိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသက်တော်ရာကျော်ရှည်ပြီးသာသနာပြုနိုင်ပါစေကြောင်းဆုမွန်တောင်းရင်း ဓမ္မမိတ်ဆွေအပေါင်း ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ။ မူရင်းတင်ပြသူကို Crd ပေးပါသည်။

(Visited 778 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*