ဖြူဖြူထွေးရဲ့ စိတ်ဓါတ်အောက်တန်းကျပြီး အကျင့်မကောင်းတဲ့ အကြောင်းတွေကိုဖော်ထုတ်လာတဲ့ Russell

ဖြူဖြူထွေးရဲ့ စိတ်ဓါတ်အောက်တန်းကျပြီး အကျင့်မကောင်းတဲ့ အကြောင်းတွေ ပြောပြလာတဲ့ Russell

အလှူအတန်း အရမ်းရက်ရောပါတယ် ဆိုပြီးနာမည်ကြီးခဲ့တဲ့ မရီရတဲ့ပျက်လုံးတွေနဲ့ ခွေးတိုးပေါက်ကနေ ဝင်ခဲ့တဲ့ FB ဆယ်လိီ ညီမလေးအကြောင်းပါ …. တို့ မြန်မာတွေက အရမ်းသနားတတ် ၊ အယုံလွယ်တတ်တာကို အသုံးချပြီး နေရာတစ်နေရာ ရအောင် ယူတတ်ရဲခဲ့တာလည်း အံ့အောမိပါတယ် ။ ရှူတင်တွေမှာ မင်းသမီး အထှာဖမ်းပြီး ကြော်ငြာစျေးကို ထိပ်တန်း မင်းသမီးထက်တောင် ကျော်အောင် တောင်းရဲတာလည်း သတ္တိပါပဲ ။

ပြီးရင် မြန်မာအနုပညာရှင်တွေကို သူအလုပ်ပေးထားရတာဆိုတဲ့ အထှာနဲ့ ။ မီဒီယာလောက ထဲက မောင်နှမတွေဆို သူနဲ့ အင်တာဗြူးပြီး ဘယ်လို စိတ်ပျက်စရာကောင်းလဲ ၊ ဘယ်လို professional မဆန်လဲ ရိုင်းလဲဆိုတာ ရင်လာဖွင့်ကြလွန်းလို့ ၊ အစက ကိုယ်တွေ တစ်ယောက် နှစ်ယောက်ပဲထင်နေတာ ။ တစ်ခါက ကြော်ငြာအပ်ဖို့ အလုပ်လာအပ်တုန်းကလည်း ကြော်ငြာတစ်ခုကို သိန်း ၁၅၀ ကျပ် နဲ့ ၃ ခုစာ လာအပ်တာတဲ့ ။

စရံငွေ ၁၅၀ လည်း ပါလာတယ် ချက်ချင်းပေးဖို့ ၊ သူ့အိမ်သွားတာ မနိုးသေးလို့ ကလိုင်းရန့်က ထိုင်စောင့်ပေးနေရတာတဲ့ ။ ( ဘယ်နာမည်ကြီး မင်းသမီးမှ သူ့လို စောက်ချိုးမချိုးကြဘူး ) နိုးလာတော့လည်း ပိုက်ဆံပေးဖို့ စောင့်နေရတဲ့ ကလိုင်းရန့်တွေကို ချက်ချင်းလာမတွေသေးဘူး ၊ ညဝတ်အင်္ကျီတောင်မချွတ် ၊ အခန်းထဲ ဝင်လိုက်/ထွက်လာလိုက်နဲ့ ၊ နှုတ်တောင်မဆက်ပဲ မီးဖိုချောင်တန်းဝင်ပြီး ထမင်းတွေထိုင်စားနေတာတဲ့ ။

ပြီးတော့ “ ရှင်တို့ လာတဲ့ကိစ္စပြောပါဦး “ ဆိုပြီး ထမင်းတွေ ပလုပ်ပလောင်းနဲ့ အော်မေးတာတဲ့ဗျာ ။ အဲ့မှာ ရိုက်ကူးရေးလုပ်ဖို့ ပါလာတဲ့ ကျနော့ ဘော်ဒါ ဒါရိုက်တာရော သူဌေးကပါ စိတ်ပျက်သွားပြီး သူဌေးက ” တော်ပြီ သူနဲ့ လုံးဝ မရိုက်တော့ဘူး “ ပြောလို့ လှည့်ပြန်လာခဲ့ကြတာတဲ့ ။ နောက်တစ်ခါက ကိုယ်တွေနဲ့ အသိဘော်ဒါတစ်ယောက် ပရုပ်ဆီကြော်ငြာရိုက်တုန်းကလည်း ချိန်းထားတာ မနက် ၈ နာရီ ၊ ရောက်လာတာ နေ့လည် ၁၁ ၊ ပြီးတော့

“ ညနေ ၄ နာရီအထိပဲ အချိန်ပေးနိုင်မယ် ၊ ပွဲသွားရမှာမို့ “ ဆိုပြီး ရိုက်ကူးရေးသမားတွေကို လော ၊ သူနဲ့အတူတူ တွဲရိုက်တဲ့သူတွေကိုလည်း မကြားကြားအောင် “ နောက်ဆို သူတစ်ယောက်တည်းပဲ ဦးတည်တဲ့ ကြော်ငြာ ရွေးလက်ခံတော့မယ် ၊ အာရုံနောက်တယ် “ ဘာညာ နဲ့ တွဲသရုပ်ဆောင်တဲ့သူတွေကို အားမနာ လူပါးကဝလိုက်သေး ။ တွဲရိုက်တာလည်း စောက်ရူးစောက်ပေါ တစ်ယောက်မှ မပါ ၊ အကယ်ဒမီဆုရှင်တောင်ပါသေး ။

ညနေ ၄ နာရီထိုးတော့ ရိုက်စရာရှိတာအများကြီးကိို ဂရုမစိုက်ပဲ ပြန်ချသွားတာ ၊ ကျန်တဲ့သူတွေကပဲ အဆင်ပြေအောင် ရိုက်လိုက်ရတယ် ။ ( ဘယ်မင်းသားမင်းသမီးမှ သူ့လိုစောက်ချိုး မချိုးဘူးနော် ) ။နေ့လည်ခင်း နေပူကြီး ရှုတင်လာကြည့်တဲ့ ရွာသားတွေကိုလည်း “ ပါမလား ၊ လက်ဆောင်ပေးမယ် “ ဆိုပြီး နေပူကြီးထဲ အကြာကြီးရပ်ခိုင်းပြီး တစ်ယောက်ကို ပရုပ်ဆီဘူး အသေးလေးတစ်ဘူးဆီ ပေးပြီး ပြန်လွှတ်လိုက်တာနော် ။

မသိရင်သူပေးသလိုနဲ့ ။ လှူနေတယ်ဆိုတာလည်း ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေတာနော် ။ Clients တွေဆီကနေ လှူစရာပစ္စည်းတွေ အလကားတောင်းပြီး သူလှူပေးသလိုနဲ့ နာမည်ယူတာ လူလည်မ က ။ သူကြော်ငြာရိုက်လို့ သိန်း ၈၀ ရရင် ပြန်လှူတာ ၁ သိန်း ၂ သိန်းဖိုးလောက်ပဲရှိမယ် ၊ ကျန်တာ သူများပေးထားတဲ့ ပစ္စည်းတွေနဲ့ မျက်နှာလုပ်တာဗျ ။ သူ့ရှာထားတဲ့ ပိုက်ဆံ ဘယ်လိုသုံးသုံး သူ့ကိစ္စပါ ၊ ရိုးသားတဲ့ မြန်မာပြည်သူတွေရဲ့ မေတ္တာကို အသုံးချပြီး လုပ်စားသွားတာ ကို ပြောချင်တာ ။

Coup စဖြစ်တော့လည်း သူ့ကိုချစ်ကြတဲ့ ပြည်သူတွေရဲ့မျက်နှာကိုမှ မထောက်် “ သူနဲ့ နိုင်ငံရေးဘာဆိုင်လို့လဲ “ ဆိုပြီး မန့်သေးတာနော် ။ သူ့ကို အားပေးနေတဲ့ နယ်တွေ/ရွာတွေ ဆီက လူတွေရဲ့ Like ကိုအသုံးချပြီး ပိုက်ဆံတွေရှာခဲ့တာ ၊ ရွှေတွေဝယ် ၊ ၃ ထပ်တိုက်အိမ်ကြီး ဆောက်နိုင်ခဲ့တာ မဟုတ်ဘူးလား ??? မှတ်ချက် : ကျနော်ပြောသမျှ အကုန် records တွေရှိပါတယ် ၊ အလကား PA ကြောင့် ပြောနေတာမဟုတ်ဘူးနော် ။ နောက်ဆို သေချာ ဘွိုင်းကော့သင့်တဲ့သူတွေကို နောင်ကျဉ်အောင် လုပ်ရပါမယ် ။ ဒါသူ့အကြောင်း ပထမနဲ့ နောက်ဆုံးပါပဲ ။ တော်လှန်ရေးပြီးရင် သူ့လိုအနုပညာလောက်ကောင်တွေ မရှိအောင်ပါ ။

(Visited 1,103 times, 5 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*