နေမကောင်းဖြစ်နေတဲ့ မိန်းကလေးကို ယတြာချေ ပေးမည်ဟုဆိုကာ လုံချည်ဆွဲချွတ်၍ … See More

နေမကောင်းဖြစ်နေတဲ့ မိန်းကလေးကို ယတြာချေ ပေးမည်ဟုဆိုကာ လုံချည်ဆွဲချွတ်၍ … See More

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် လာဝယ်ကျေးရွာတွင် နေမကောင်းဖြစ်နေသော အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား အသက် ၅၈ နှစ်အရွယ် အမျိုးသားမှယတြာ ချေပေးမည်ဟုဆိုကာ လုံချည်ဆွဲချွတ်၍ အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့်

ယခုလ ၁၀ရက်နေ့က ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ လာဝယ်ရွာနေ အမျိုးသမီးသည် နေမကောင်းသဖြင့် ရွာဦးဆုတောင်းပြည့် စေတီဘုရားတွင်ညောင်ပင်ထောက်ခြင်း ဘုရားရှိခိုးခြင်းများ လုပ်နေစဉ်တစ်ရွာတည်းနေ အသက် ၅၈ နှစ်အရွယ် အမျိုးသားမှ ရောက်လာပြီး

ဆုတောင်း ယတြာချေပေးမည်ဟု ပြောကာ ခန္ဓာကိုယ်အား လက်ဖြင့် ပွတ်ပြီးလုံချည်အား ခါးအထိဆွဲလှန်ကာ အတွင်းခံဘောင်းဘီကို ဆွဲချွတ်ချလိုက်စဉ် အမျိုးသမီးမှာ ထွက်ပြေးခဲ့ပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

၎င်းအမှုကို ခန္တီးမြို့မရဲစခန်းမှ အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှု ၃၇၆ ၅၁၁ ဖြင့် အမှုဖွင့်၍ ပြုကျင့်ရန် ကြိုးစားသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

(Visited 1,439 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*