တဖြေးဖြေးနဲ့ ကြောက်စရာကောင်းလာတဲ့ ရန်ကုန်မြို့က ဖြစ်စဉ်များ …

တဖြေးဖြေးနဲ့ ကြောက်စရာကောင်းလာတဲ့ ရန်ကုန်မြို့က ဖြစ်စဉ်များ …

ယနေ့ ရန်ကုန်မြို့က မိန်းကလေးတစ်ဦး၏ ဖြစ်စဉ်များ.. ( မိန်းကလေးတွေ သတိထားကြပါ။ နေရာနီးနီးဝေးဝေး အဖော်ပါမှသွားကြပါ.. အားလုံးအစစအရာရာ ဂရုစိုက်ကြပါ.. ကားနံပါတ် မှတ်ချိန်တောင်မရပါဖူးရှင်.. ) ယနေ့ ရန်ကုန်မြို့က မိန်းကလေးတစ်ဦး၏ ဖြစ်စဉ်များ..

ဖြစ်စဉ် (၁) – “ဒီနေ့အလုပ်အင်တာဗျူးခေါ်လို့ နေ့လည် ၁၂ နာရီကျော်မှာ Water Boom နားကို ညီမ သွားပါတယ်။ ၅ ကွေ့မှတ်တိုင်ကနေ YBS 31 စီးဖို့စောင့်နေရင်း ကားကလည်းမလာ အင်တာဗျူးဖို့ ၁၅ မိနစ်လောက်ပဲလိုတော့ ညီမ ကားလမ်းမအတိုင်း လမ်းလျှောက်သွားပါတယ် (လိုင်းကားတွေ့မှ တားစီးမယ်ဆိုပီး)။

၅ ရပ်ကွက် ကန်ဘောင်ဘက်နားအရောက်မှာ အိမ်စီးကားအဖြူနဲ့ ညီမလေးဘယ်သွားမလို့လဲဆိုပီး ညီမနောက်ကတောက်လျှောက်လိုက်လာပါတယ်။ ကားထဲမှာ ယောက်ျား (၃) ယောက်ပါပါတယ်။ ညီမလည်း လမ်းကိုအမြန်လျှောက်ရင်း အောင်ဇေယျလမ်းထိပ်မရောက်ခင် ညီမရှေ့မှာကားကိုပိတ်ရပ်ပီး ကားပေါ်က

Mask အမဲတပ်ထားတဲ့အကောင်တကောင် ဆင်းလာပါတယ်။ “သဲလေးရယ် ကိုကို့ကိုစိတ်မဆိုးပါနဲ့” ဆိုပီး ညီမလက်ကို အတင်းဆွဲပီး ကားပေါ်ခေါ်ပါတယ်။ အဲ့နားမှာ ဦးလေးကြီး ၂ ယောက်က မတ်တပ်ရပ်နေပါတယ်။ ညီမက သူတို့ကို မသိပါဘူး။ ကူညီပါဦးလို့အော်တော့ လိုက်သွားလိုက်ပါလို့ပြောပီးထွက်သွားကြပါတယ်ရှင်..

ညီမလဲကြောက်လန့်ပီး ညီမလက်ကိုဆွဲထားတဲ့ကောင်ခြေထောက်ကိုစောင့်ကန်ပီး ကားလမ်းတဖက်က ကွမ်းယာဆိုင်ကိုပြေးပီး အကူညီတောင်းပါတယ်။ အောင်ဇေယျလမ်းထိပ်က ကွမ်းယာဆိုင်ပါ။ အဲ့ဆိုင်က အန်တီနဲ့ဦးလေးက ညီမကိုခေါ်ထားပေးပါတယ်။ အဲ့ကောင်တွေအကြာကြီးစောင့်နေပါတယ်။

ကွမ်းယာဆိုင်က ဦးလေးကြီးနဲ့အကိုကြီးတွေ သူတို့ကိုကြည့်နေမှ ပြန်လှည့်သွားတာပါ။ ညီမသူငယ်ချင်းတွေကို ဖုန်းဆက်ပီး သူတို့လာမှ ညီမပြန်ခဲ့ရပါတယ်။ မိန်းကလေးတွေ သတိထားကြပါ။ နေရာနီးနီးဝေးဝေး အဖော်ပါမှသွားကြပါ.. အားလုံးအစစအရာရာ ဂရုစိုက်ကြပါ.. ကားနံပါတ် မှတ်ချိန်တောင်မရပါဖူးရှင်.. (Yuki No)

ဖြစ်စဉ် (၂) – မနက်က YBS 35 ပေါ်မှာဖုန်းနှိုက်ခံလိုက်ရတဲ့ ကောင်မလေးအတွက် စိတ်မကောင်းပါဘူးဗျာ.. အဝေးပြေးနားရောက်ခါနီးမှ ဖုန်းနှိုက်ခံရတာ သူကအဝေးပြေးဆင်းမှာ ဘောင်းဘီအိပ်ထဲနှိုက်သွားတာ ဂျင်းလည်းအထူအကျပ်ပါ.. အောက်ဆင်းမှဖုန်းမရှိတော့ဘူးဆိုပြီး အော်တယ်..

ပြန်တက်ပီးဖုန်းတောင်းဆက်သေးတယ် မရတော့ဘူး.. ခါးပိုက်နှိုက်ကတောင် ညီမလေးဖုန်းနံပတ်ပြောဆိုဘဲ.. မျက်ရည်လေးဝဲပီး ပြန်ဆင်းသွားရှာတယ်.. ကိုယ်ကသိလည်း မပြောရဲဘူး.. လေးကောင်နောက်ကနှစ်ကောင်က ကိုယ့်နောက်မှာ ပြီးသွားပြီလား ပြီးသွားပြီတော့ကြားလိုက်တယ်..

ပြီးတော့ ဓမာရုံမှတ်တိုင်ဆင်းသွားတယ်.. ကိုယ်တုန်းကလည်း အဲ့လေးကောင်ဘဲဝိုင်းထားတာ.. ကျောပိုးအိတ်နဲ့ ပေါင်ရှေ့အုပ်ထားတော့ မမြင်ရဘူး.. နားကြပ်ကိုဖြုတ်လိုက်တာမသိဘူး သီချင်းပိတ်ထားလို့ ပေါင်ယားလာမှ လန့်ပြီးဖုန်းကိုစမ်းကြည့်တာ တစ်ဝက်လောက်ထွက်နေပြီ.. ခပ်တည်တည်နဲ့ လက်နဲ့ဖိထားလိုက်တယ်..

အာ့တောင်အတင်းဆွဲနေတာ မသိချင်ယောင်ဘဲဆောင်နေလိုက်တယ်.. မရတော့မှ တစ်ခြားလူပြောင်းနှိုက်တယ်.. လေးယောက်တစ်ဖွဲ့ပါ သတိထားပါ YBS 35 ပေါ်မှာ မကြာမကြာတွေ့ပါတယ်.. ကျောပိုးအိတ်ကြီးရှေ့လွယ်ထားပါတယ်.. ဉီးထုပ်ဆောင်း Mask တပ်ထားပါတယ်..

လက်မှာ တက်တူးအတိုအစလည်းရှိပါတယ်.. အရပ်ရှည်ပါတယ် အဲ့ကောင်မြင်ရင်တန်းသိတယ်.. တစ်ကောင်ကအမြဲအနားကနေ check နေတတ်ပါတယ်.. cover ပေးတာနှစ်ကောင်ပါ.. ပါသွားရင် မမျှော်လင့်နဲ့တော့ အားလုံးသတိထားနိုင်ကြပါစေဗျာ.. (YPS)crd

(Visited 858 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*