ထက်ထက်မိုးဦးနဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေကို ပထမဆုံးထုတ်ပြောလာတဲ့ သမီးလေးစစ်လွန်း၀တီထက်

ထက်ထက်မိုးဦးနဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေကို ပထမဆုံးထုတ်ပြောလာတဲ့ သမီးလေးစစ်လွန်း၀တီထက်

ပရိသတ်တွေကချစ်ကြတဲ့နိုင်ငံကျော်အနုပညာရှင် မင်းသမီးကြီး ထက်ထက်မိုးဦးရဲ့ သမီးချောလေး စစ်လွန်းဝတီထက်ဟာ အရွယ်နဲ့မလိုက်အောင် ထက်မြက်ပြီးစီးပွားရေးနဲ့ပတ်သက်တဲ့အကြံကောင်းတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ကလေးလေးတွေအတွက်စဉ်းစားပေးပြီး ကလေးတွေပါသုံးလို့ရမယ့်ရေမွှေးမျိုးထုတ်ချင်တဲ့အကြောင်း ပရိသတ်တွေကိုပြောပြခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ စစ်လွန်းဝတီထက်ဟာ သူမရဲ့မိဘတွေဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့စိုင်းလွှမ်းတို့အကြောင်းပြောလာကြတဲ့ပရိသတ်တစ်ချို့ရဲ့ Comment တွေကိုတွေ့ခဲ့ပြီး သူမရဲ့မိသားစုနဲ့ပတ်သက်ကာအခုလိုမျိုး ပြန်လည်ဖြေရှင်းပြောပြလာခဲ့ပါတယ်။“သမီးကိုလာပြကြတဲ့ ဒီComments တွေမြင်မိတော့ ပါပါးအတွက် သမီးစိတ်မကောင်းဘူး မေမေကိုသွားတွေ့ပါ တဲ့ ပြောနေကြတယ် ပါပါးနဲ့သမီးကို ခဏဆိုပြီးမေမေထွက်သွားပြီးနောက်ပိုင်းလိုက်ရှာကြတယ်တွေ့တော့ လိုက်ခေါ်ခဲ့ကြတယ်

သွားခေါ်တော့ မောင်းထုတ်တယ် မေမေစိတ်ချမ်းသာရင် သမီးကုသိုလ်ရပါတယ် ပါပါးပြောလို့သမီးမေမေ စိတ်ချမ်းသာဖို့ သမီးတို့ပြန်လာခဲ့ကြတယ်သမီးမေမေပြောင်းသမျှဖုန်းတွေ ရှာဆက်ခဲ့တယ် ခုဆက် ခဏနေစက်ပိတ်ပြီး ဖုန်းနံပါတ်တွေ ပြောင်းပစ်ခဲ့တယ် ဘယ်လိုမှ ဆက်သွယ်လို့မရတော့ မေမေဆက်သွယ်လာမလားလို့စောင့်နေခဲ့တယ် ခုထိမေမေဖုန်းနံပါတ် ဘယ်လောက်ဆိုတာမသိပေမဲ့ သမီးကိုင်တဲ့ဖုန်း သမီးနေတဲ့အိမ် တက်နေတဲ့ကျောင်း မေမေ အကုန်သိပါတယ်

ဘာလို့အကြောင်းအရာကို အတိအကျမသိကြပဲ ပါပါးကိုပြောနေကြတာလဲရှင်”“ညီမလေးသံသာလေးမွေးတော့ ဦးလေးနဲ့အန်တီတို့နှစ်ဖက်မိသားစုအကုန်လုံးပြုစုနေတာ ပင်ပန်းကြတာမြင်တော့ ပါပါးတစ်ယောက်တည်း အရမ်းချူချာ အရမ်းဆော့တဲ့ သမီးကို ဘယ်လိုထိန်းခဲ့လဲတွေးမိပြီး သနားသလို မေမေပစ်သွားပေမဲ့လည်း ညစဉ်ကျန်းမာဖို့ မေတ္တာပို့ရှိခိုးပြီးမှအိပ်ဖို့ သင်ပေးခဲ့တာ ပါပါးပါ မိခင်ကိုတန်ဖိုးထားဖို့ပြောနေကြတဲ့သူတွေက ခလေးတစ်ယောက်ကိုအရွယ်ရောက်ဖို့ ဘယ်လောက်ပင်ပန်းခက်ခဲရလဲဆိုတာ သိကြမှာပါနော်

ဘာလို့ဘာမှမသိဘဲပြောနေကြတာလဲရှင် ပါပါးကတော့ဒီစာတွေမြင်ရင်သည်းခံနိုင်ပေမဲ့သမီး စိတ်ထဲအရမ်းမကောင်းလို့ပြောပြရတာပါ မေမေ့ကိုမုန်းဖို့မဟုတ်သလို သမီးလည်းမိခင်ဖခင်ကိုဘုရားနဲ့တူတူဦးတင်ထားပါတယ် သမီးမြန်မာစာ ကောင်းကောင်းရေးတတ်ပြီမို့ နောက်ဆို အမှန်တရားကိုတော့ ပါပါးလိုမပြောဘဲနေမှာမဟုတ်တော့ပါဘူးရှင် မသိလို့ပြောကြတဲ့သူအားလုံးကို သမီးနားလည်ပါတယ် ချစ်လို့ပြောကြတယ်ပဲမှတ်ပါတယ်ရှင် သမီးခုလိုပြောရတာကိုလည်း နားလည်ပေးကြပါရှင်”

စစ်လွန်းဝတီထက်လေးဟာ သူမရဲ့ဖေဖေစကားကိုလည်း အမြဲနားထောင်ပြီး ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူလေးဖြစ်ပါတယ်။ စစ်လွန်းလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

(Visited 795 times, 8 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*