အာရုံံကြောမှစကာ ရိုးတွင်းချဉ််ဆီထိိ အဆိပ်သင့်နိုင််တယ်ဆိုတဲ့ ခြင်ဆေးခွေရဲ့ဆိုးကျိုးအန္တရာယ်

အာရုံံကြောမှစကာ ရိုးတွင်းချဉ််ဆီထိိ အဆိပ်သင့်နိုင််တယ်ဆိုတဲ့ ခြင်ဆေးခွေရဲ့ဆိုးကျိုးအန္တရာယ်

ခြင်ပေါတဲ့ မြန်မာနိုင်ငံမှာ ခြင်ကိိုက်ခံရတာကနေ ကာကွယ်ဖို့အတွက် အိမ်တိုင်းအိမ်တိုင်း များသောအားဖြင့် ခြင်ဆေးခွေကို အလွယ်တကူ သုံးစွဲတက်ကြပါတယ်။ခုခေတ်မှာ ခြင်ရိိုက်တံ၊ ခြင်လိမ်းဆေးရည်စသဖြင့် အများကြီးထွက်ပေါ်နေသော်လည်း အိမ်တိုင်းအိမ်တိုင်းနဲ့ လူအတော်များများဟာ ခြင်ဆေးခွေကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။

ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိိုင်ရာ ရောဂါတွေဖြစ်တဲ့ လေပြွန်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါနဲ့ အဆုုတ်ကင်ဆာအထိပါ ဖြစ်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် ခြင်ဆေးခွေကို အသုံးပြုမယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်လေးတွေ ၊မွေးကင်းစကလေးတွေ၊ နာတာရှည်ရောဂါသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည်တွေရှိတဲ့ အိိမ်တွေမှာ ခြင်ဆေးခွေကို လုံးဝမသုံးသင့်ဘူးလို့ဆိုပါတယ်။ ခြင်ဆေးခွေကိို ၁၈၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံက Eiichiro Ueyama ဆိုသူက စတင်တီထွင်ခဲ့တယ်လို့ဆိုပါတယ်။ယခုနောက်ပိုင်း ဓါတုဗေဒနည်းပညာတွေ ဖွံ့ဖြိုးလာပြီးတဲ့နောက်မှာတာ့ ခြင်ဆေးခွေမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း ဓါတုပစ္စည်းတွေ အများကြီးပါဝင်လာပါတယ်။

သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ခြင်ဆေးခွေအချို့မှာ အပြင်းထန်ဆုံး ဓါတုပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး S-2၊ ဖော်မယ်ဒီဟိိုက်၊ ဘန်ဇင်း၊ မီဖာလူသရင်းစတဲ့ ဓါတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ပြောထားပါတယ်။ ဘန်ဇင််းဓါတုပစ္စည်းဟာ ကာစီနိိုဂျင်(ကင်ဆာဖြစ်စေမှုကိိုအားပေးတဲ့ပစ္စည်း) ဖြစ်ပြီး အာရုံကြောမှစကာ ရိုးတွင်းချဉ်ဆီထိပါ အဆိပ်သင့်နိုင်တယ်လို့ဆိုပါတယ်။

ခြင်ဆေးခွေ တစ်ခွေရဲ့ ထွက်လာတဲ့ အဆိပ်ငွေ့ဟာ ဆေးလိပ်အလိပ် ၁ဝဝကျော်မှထွက်တဲ့အဆိပ်ငွေ့နဲ့ညီတယ်လို့လည်း တချို့သုတေသနပညာရှင်တွေက ပြောကြပါတယ်။ ဒါကြောင့် အလုံပိိတ်အခန်းတွေ၊ လေဝင်လေထွက်နည်းတဲ့ နေရာတွေမှာဆိုရင်လည်း ခြင်ဆေးခွေမထွန်းသင့်ပါ။ အခုနောက်ပိုင်းမှာ ခြင်မကိုက်အောင် လိမ်းဆေး၊ ဖြန်းဆေးတွေလည်း များစွာပေါ်ထွက်လာပြီဖြစ်လို့ ကလေးရောလူကြီးပါ လိမ်းနိုင်သုံးနိုင်မယ့် အရည်သွေးကောင်းတဲ့ လိမ်းဆေး၊ ဖြန်းဆေးတွေကို ရွေးချယ်အသုံးပြုရင်း ခြင်ဆေးခွေ အသုံးပြုမှုကို လျော့ချနိုင်တယ်လို့ဆိုပါတယ်။

(Visited 645 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*