“သောက်တော်ရေ အစွမ်းအံ့မခန်း”နှင့် သောက်တော်ရေ စွန့်သောက်ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ

“သောက်တော်ရေ အစွမ်းအံ့မခန်း”နှင့် သောက်တော်ရေ စွန့်သောက်ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ

လူတော်များများပြုလုပ်မိနေတာကတော့ သောက်တော်ရေ ကပ်ပြီးတဲ့အခါ ဘေစင်ထဲ ဖြစ်ဖြစ် အိမ်ရှေ့တံစက်မြိတ်ကို ဖြစ်ဖြစ် ဗြန်းကနဲ သွန်ချလိုက်ပါတယ်။ အဲဒီလို မပြုမလုပ်မိပါစေနဲ့၊ စွန့်ပြီး သောက်ကောင်းပါတယ်လို့ဆိုပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရိုရိုသေသေနဲ့ ကြည်လင်သန့်ရှင်းသော

သောက်တော်ရေ တစ်ခွက်၊ နှစ်ခွက်၊ သုံးခွက် ကိုယ်အဆင်ပြေသလို ကပ်လှူနိုင်ပါတယ်။ ဂုဏ်တော်ပွားပါ။ ပရိတ် ပဋ္ဌာန်း ပူဇော်ပါ။ ဘုရားရှင် ဘုဉ်းပေးပြီးလောက်သည့် အချိန်ကို မှန်းဆ၍ ပြန်စွန့်ပြီး တစ်ခြားခွက်ထဲ လှယ်ပြီးသောက်ပါ။ ( ဒါမှမဟုတ် ) ရေသန့်ဗူးကြီးထဲ၊ ရေအိုးထဲ ပြန်ထည့်၍ သောက်ပါ။သောက်တော်ရေ စွန့်ပြီးသောက်သည့်အတွက်ရရှိမည့်

အကျိုးတရားများကတော့ မှတ်ဉာဏ် အလွန်ကောင်းပါတယ်၊ ရူးနှမ်းပေါသွပ် မဖြစ်ပါဘူး။ သောက်တော်ရေအစွမ်းကြောင့် အနာနဲ့ဆေးတွေ့ပြီး ရောဂါမှန်သမျှ ကင်းရှင်းစေပါတယ်။ သေသည်အထိ သတိကောင်းပါတယ်။ အသားအရေဝါဝင်းစိုပြေပါတယ်။ ဝိပဿနာအားထုတ်ရင်လည်း လျှင်လျှင်မြန်မြန် ရရှိနိုင်ပါတယ် လို့ဆိုပါတယ်။

ဘုရားသောက်တော်ရေ စွန့်ကာသောက်ခြင်းဖြင့် အကျိုးတရားများ ရရှိနိုင်ကြပါစေ။

(Visited 3,451 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*