လောကီပညာအရ နေ့နံအလိုက် လက်သည်းခြေသည်းညှပ်ခြင်း ….

လောကီပညာအရ နေ့နံအလိုက် လက်သည်းခြေသည်းညှပ်ခြင်း ….

လူတော်တော်များများသိချင်နေတဲ့ လောကီပညာထဲက ဘယ်နေ့မှာလက်သည်း ခြေသည်း ညှပ်ရင် ဘာအကျိုးကျေးဇူးတွေရသလဲဆိုတာ သိချင်နေကြသူများအတွက်ဖော်ပြပေးလိုက်ပါတယ်။ တချို့က လောကီပညာအနေနဲ့ လက်သည်းခြေသည်းညှပ်ကြတယ်။ တချို့က ကျန်းမာရေးအရညှပ်တယ်

တချို့ကလက်သည်းရှည်ရင် မနေတတ်လို့ညှပ်တယ် ဘယ်လိုပဲညှပ်ကြပါစေ ညှပ်ရင်း ကံပွင့်လာဘ်ပွင့်တယ်ဆိုရင်တော့ ပိုမကောင်းဘူးလားဆရာဦးမင်းနိူင်ရဲ့ လောကီပညာသိစရာထဲက နည်းလေးကိုထော်ပြပေးလိုက်ပါတယ်။ ဘယ်နေ့မှာ လက်သည်း ခြေသည်းညှပ်ရင် ဘာအကျိုးရသလဲဆိုတာကတော့ ၁။စနေနေ့ညှပ်ရင် အကြွေးပြန်ရတယ်။ ငွေအစုလိုက်အပုံလိုက်ဝင်တတ်ပါတယ်

၂။အင်္ဂါနေ့ညှပ်ရင် အကြွေးကျေတယ် ၃။သောကြာနေ့ညှပ်ရင် ဇနီးမယားသမီးချွေးမကိစ္စတွေလိုရာပြည့်တယ် ၄။ကြာသပတေးနေ့ညှပ်ရင် ပညာကိစ္စ ဆရာကိစ္စလိုရာပြည့်တယ် ၅။တနင်္လာနေ့ညှပ်ရင် အမေနဲ့ပတ်သက်သော ကိစ္စများလိုရာပြည့်တယ် ၆။တနင်္ဂနွေနေ့ညှပ်ရင် အဖေအိမ်တွင်းရေးကိစ္စ အထက်အရာအရှိနဲ့ ပတ်သက်သော ကိစ္စများ လိုရာပြည့်တယ်

၇။ဗုဒ္ဓဟူးနေ့ညှပ်ရင် သားသမီးနဲ့ပတ်သက်သောကိစ္စများတွင် စိတ်ရွှင်လန်းစေတတ်ပါတယ်။ ညှပ်နေဆဲမှာ လိုရာကိုဆုတောင်းရပါတယ်။ အနည်းဆုံးလေးကြိမ်ဆက်တိုက်လုပ်မှ သိသာမြင်သာတဲ့ အာနိသင်ပြပါလိမ့်မယ်လို့ဆိုပါတယ်။ ဒီစာလေးကိုဖတ်ရှုပြီး လက်သည်းခြေသည်းညှပ်ပြီး လိုရာဆုတောင်းလေးတွေ ပြည့်ဝကြပါစေ။

(Visited 434 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*