Ensure ကိုစျေးကြီးပေး၀ယ်ပြီး အလကားမဖြစ်အောင် အကျိုးအာနိသင်ရှိအောင်ဖျော်စပ်နည်း …
Ensure ဖျော်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ EnSure ဟာ ဗူးအကြီးအသေးနဲ့သော်၄င်း တခါသောက်ဗူးကလေးတွေနဲ့သော်၄င်း ပုံစံအမျိုးမျိုးထုတ်ထားခဲ့ကြတာပါ။ EnSure ဟာလူတန်းစားမရွေးမတွက် အရသာမျိုးစုံနဲ့လာပါတယ်။ စတော်ဘယ်ရီအရသာ သခွားမွေးအရသာနဲ့ နို့အရသာအပြင် သဘာ၀အရသာမျိုးလဲ လာပါတယ်။
EnSure ကိုသောက်တဲ့အခါ အမှုန့်ကို ကိုယ်လိုသလောက် ကိုယ်သောက်မဲ့ခွက်ထဲကိုထည့်ပါ။ ပထမဦးဆုံး အဲ့အမှုန့်ကို ရေကြက်သီးနွေးလေးနဲ့ (အနည်းငယ်သာ အပူဓါတ်ရှိတဲ့ ရေနဲ့ဖျော်ရပါတယ် ) ပထမဦးဆုံးရေနဲနဲမှ နဲနဲလေးပဲ ထည့်ဖျော်ရတာပါ။ အဲ့လိုဖျော်ပီးတဲ့အခါကျမှ လုံး၀မပူ လုံး၀အအေးဓါတ်မရှိတဲ့ ရေနဲ့ရောပြီး ဖျော်သောက်ရတာမျိုးပါ။
EnSure ရဲ့ဓါတ်သဘာ၀ဟာ ရေပူမပြောနက် ရေခဲသေတ္တာထဲက ရေနဲ့လဲဖျော်လို့ လုံး၀မရပါဘူးတဲ့နော်။ ဖျော်ပီးတဲ့အခါမှာ မပူမအေးတဲ့ သာမာန်အနေမှာအထားပဲရှိနေရမှာဖြစ်ပါတယ်။ EnSure ကိုအေးအောင်ဆိုပီးရေခဲသေတ္တာထဲလဲ ထားလို့မရပါဖူး ကော်ဖီဖျော်သောက်သလို ပူနေအောင်ပဲဖြစ်ဖြစ် နွေးနွေးလေးအနေအထားပဲဖြစ်ဖြစ် အဲ့လိုလဲသောက်လို့မရပါ။
သဘာ၀အရသာကိုမကြိုက်လို့ဆိုပြီး ကျန်တဲ့ဘယ်လိုအရာနဲ့မှ ရောဖျော်ပြီးမသောက်ရပါ။ အချိုဓါတ်မရှိဖူး။ သိပ်မချိုလို့ဆိုပြီးတော့လဲ ဘာမှထပ်ရောလို့မရပါဘူးနော်။ EnSure ဟာ အေးတာ နွေးတာ ပူတာဖြစ်ခဲ့ရင် သူ့ရဲ့အားဖြည့်ပေးတဲ့ အာနိသင်ဟာအလိုအလျှောက် ပျက်ပြယ်သွားတတ်တာမျိုးပါ။ အဲ့လိုဖျော်တိုက်မိတဲ့အခါ အခန့်မသင့်ရင် ၀မ်းပျက်၀မ်းလျှောတတ်တာအပြင် ဘာအာနိသင်မှမရှိတော့ပါဖူးနော်။
သူ့ကိုသောက်တဲ့အခါမှာလဲ မနက်အိပ်ယာထတကြိမ် ညအိပ်ယာ၀င်ကာနီးတကြိမ် နှစ်ကြိမ်သောက်မှ အကျိုးအာနိသင်ရှိစေတတ်သာမျိုးပါ။ စျေးကြီးပေး၀ယ်ပြီး အလကားမဖြစ်ရအောင် လူမမာအတွက်လဲ အကျိုးရှိရှိဖျော်တတ်အောင် မေတ္တာရှေ့ထားပြီးဖော်ပြပေးလိုက်ပါတယ်နော်။ Ensure ဟာ လုံး၀လုံး၀ မပူရ (နွေးနွေးလေးတောင်မသောက်ရပါ) လုံး၀လုံး၀ အေးမနေရပါ။အာနိသင်ပျက်သွားမှာပါ။ ဒါကြောင့် Ensureဖျော်နည်းကို စေတနာရှေ့ထားကာ ဖော်ပြပေးလိုင်ပါတယ်နော်။
Be the first to comment