ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီးကာ အမျှပေးဝေပါ ….

ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီးကာ အမျှပေးဝေပါ ….

ဘုရားရှိခိုးပြီး ကြေးစည်တီးခြင်း၏ အကျိုးကျေးဇူးကို ဖော်ပြပေးလိုက်ပါတယ်။ လူတော်တော်များများက ဘုရားရှိခိုးပြီးတိုင်းကြေးစည်တီးကာ အမျှပေးဝေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကြေးစည်ဆိုတာ သူတော်ကောင်းတို့၏ နားတွင်အေးမြသောအသံရှိပြီး နာနာဘာဝတို့၏ နားတွင်ပူလောင်သောအသံရှိသည်ဟုဆိုသည်။

ကောင်းသော သူတို့သည် သာဓုခေါ်ပြီး မကောင်းသောသူတို့သည် အဝေးသို့ပြေး၏ ကြေးစည်သည်အအေးဓာတ်ကို ပေးသည်။ ကိလေသာအပူကိုငြိမ်းအေးစေပါတယ်။ မိမိမှာကံဆိုးနေပြီ ကံညံ့နေပြီထင်လျှင် ပို၍တီးသင့်ပါသည်။ ဒီလိုတီးခြင်းဟာ ကိုယ့်ကို မကောင်းကြံမဲ့သူတွေကိုဝေးကွာသွားစေပါတယ်။

အမျှဝေရာတွင်လည်း လူ၏အသံအားဖြင့် အမျှဝေသည့်အခါ အဝေးသို့မရောက်နိုင်ပါဘူး။ကြေးစည်ကသာ အဝေးသို့ပဲ့တင်သံဖြင့် သွားနိုင်ပါတယ်။ အဝေးတွင်ရှိသော နတ်လူတို့ကြားနိုင်သလို သာဓုလည်းခေါ်နိုင်တယ်။ကြေးစည်တီးပြီး မေတ္တာပို့အမျှဝေလျှင် ပို၍ထိရောက်တယ်လို့ဆိုပါသည်။ ထို့ကြောင့် ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီး၍ အမျှဝေပါ ဘုရားရှစ်ခိုးကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

(Visited 338 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*