ကလေးရှိတဲ့ မိဘများ သိထားသင့်သည့် ဒိန်ချဉ်မဟုတ်တဲ့ Yakult အကြောင်း ..
အခုတလော ဒီ Yakult လေးတွေ ကလေးတွေ တော်တော်များများ သောက်လာကြတာတွေ့ရတယ်။ တချို့ဆိုအိမ်က ကလေးကကြိုက်လို့ တစ်နေ့ဘယ်နှစ်ဗူးသောက်တယ်။ ပါတဲ့ပမာဏနည်းလို့ တစ်ခါသောက်နှစ်ဗူး စသည်ဖြင့်တမျိုး ကလေးလသားတွေတိုက်တယ် တွေ့လာရတော့ ဒါလေးရေးပေးချင်စိတ်ပေါ်လာတယ်။ ဒါကိုဒိန်ချဉ်လို့ထင်ပြီး လသားကလေးတွေကို တိုက်နေကြမှာလည်း စိုးမိတာပါတယ်။
ဒိန်ချဉ်ဆိုရင် ကလေးရှစ်လဆို ကျွေးလို့ရပြီလေ။ Yakultက တချို့တွေထင်သလို ဒိန်ချဉ်မဟုတ်ပါဘူးနော်။ Yogurt ကဒိန်ချဉ်ပါ။ ဒါက Yakult နာမည်ပါနော်။Yakult ဆိုတာက Lactic Acid Bacteria တွေထည့်ထားတဲ့ Probiotic Drink ပါ။ ကိုယ်ခန္ဓာမှာရှိတဲ့ မကောင်းတဲ့ပိုးကို တိုက်ဖျက်ဖို့အတွက် အူမကြီးနဲ့ အူလမ်းကြောင်းအထိ ရောက်အောင် တမင်သောက်ရတဲ့ ဆေးရည်ပါ။ အကျိုးပြုဆေးရည်ပါ။
Soft Drink မဟုတ်သလို ဒိန်ချဉ်အရည်လည်း မဟုတ်ပါဘူး။ ဘာလို့သူက ဗူးအသေးလေးနဲ့ ပမာဏနည်းလည်းဆို သောက်ရမယ့်ပမာဏက နည်းနည်းလေးမို့ပါ။ ပမာဏကိုချိန်ပြီး ထည့်ထားထုတ်ထားတာမို့ ဗူးသေးပြီးနည်းနေတာပါ။တစ်နှစ်အထက်ကလေးတွေက တစ်နေ့ကို တစ်ဗူးပဲသောက်ရပြီး လူကြီးက အများဆုံးနှစ်ဗူးပါ။
နှစ်ဗူးကို မနက်တစ်ဗူး ညတစ်ဗူး ခွဲပြီးသောက်ရမှာပါ။အစာအိမ်ပြသနာရှိသူတွေက ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းသောက်ပါ။ တစ်နှစ်အောက်တွေ လုံးဝမတိုက်ရပါဘူး။ သူ့မှာ Sugar (သကြား) ပါပါတယ်။ တစ်ဗူးမှာ သကြား ၁၄ ဂရမ်ပါပါတယ်။Lactic Acid ကချဉ်တဲ့အတွက် သကြားထည့်ကိုထည့်ရပါတယ်။ အဲ့တာကြောင့် တစ်နှစ်အောက်ကလေးတွေ လသားကလေးတွေအတွက် မသင့်တော်ပါဘူး။
မှတ်ချက် – သိစေချင်တာက ဒီပို့စ်ဟာ Yakult ကို မကောင်းဘူး မသောက်ရဘူးလို့ နှစ်ခုစလုံးကို ပြောထားတာမပါပါဘူး။ Yakult ကို ဒိန်ချဉ်ထင်ပြီး အများကြီးတိုက်နေကြလို့ သတိပေးထားတာပါ။ စာသေချာဖတ်ကြပါနော်။
Be the first to comment