မိုင်းဖုန်းဆရာတော်ကို လာရောက်ဖူးမြော်ကန်တော့မည့် ပြည်သူများကို သက်သက်လွတ်စားရန်နှင့် အရက်သေစာသောက်စားခြင်းမပြုရန်မိန့်ကြား …

မိုင်းဖုန်းဆရာတော်ကို လာရောက်ဖူးမြော်ကန်တော့မည့် ပြည်သူများကို သက်သက်လွတ်စားရန်နှင့် အရက်သေစာသောက်စားခြင်းမပြုရန်မိန့်ကြား …

မိုင်းဖုန်းဆရာတော်ကိုလာရောက်ဖူးမြော်ကန်တော့မည့် ပြည်သူများအနေဖြင့် အရက်သေစာသောက်စားခြင်း မပြုရန် နှင့် သက်သက်လွတ်စားရန်အတွက် ဆရာတော် ဦးဥာဏသီရိက ပြည်သူများထံ မိန့်ကြားထားပါသည်။

မိုင်းဖုန်းဆရာတော်သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ မိုင်းကျက်ဂူတွင် ၃ နှစ် ၃ လ ၃ ရက် သီတင်းသုံး တရားကျင့်ကြံရာတွင် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည့်ကာ ဩဂုတ်လ ၁ ရက်၌ ဂူမှထွက်မည်ဖြစ်ပါသည်။

လက်ရှိမှာ မိုင်းဖုန်းဆရာတော်ကို လာရောက်ကန်တော့မည်သူများအတွက် ပြင်ဆင်ထားသည်မှာ အားလုံးနီးပါးပြည့်စုံပြီဖြစ်ကြောင်း ဆရာတော် ဦးဥာဏသီရိက မိန့်ကြားသည်။

အလားတူ ညအိပ်လာမည့်သူများအနေဖြင့်လည်း စောင်၊ မိုးကာများ ယူဆောင်လာရန်လိုကြောင်း၊ အစားသောက်များအတွက်တွင်လည်း အလှူရှင်များရှိသည့်အတွက်ကြောင့် စိတ်ပူစရာမလိုကြောင်း ဆရာတော် ဦးဥာဏသီရ က ထပ်လောင်းမိန့်ကြားပါသည်။

(Visited 1,098 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*